logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo
star Bookmark: Tag Tag Tag Tag Tag
Myanmar

အေအေနှင့် ဆက်နွှယ်မှုဖြင့်ဖမ်းဆီးခံရသူများတွင် ၁၀တန်းကျောင်းသား ၁ဦးပါဝင်

ရက္ခိုင့်တပ်မတော် အေအေနဲ့ ပတ်သက်တယ်ဆိုပြီး အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေနဲ့ ဖမ်းဆီးခံထားရတဲ့ မြောက်ဦးမြို့နယ် လက္ကာကျေးရွာသားတွေကို ရုံးထုတ်ခဲ့ပြီး အဲဒီထဲမှာ အသက်မပြည့် သေးတဲ့ ၁၀ တန်းကျောင်းသားကို ကလေးသူငယ်အဖြစ် စစ်တွေခရိုင်တရားရုံးက သတ်မှတ်ခဲ့ပါတယ်။
အဲဒီ ၁၀ တန်းကျောင်းသားဟာ မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာက အမှုတွဲထဲမှာပါဝင်တဲ့ အသက် ၁၆ နှစ်အရွယ် မောင်စိုးမိုးကျော် (ခ) ဝိုင်းဝိုင်း ဖြစ်ပြီး သူ့ကို ကလေးသူငယ်အဖြစ် စိစစ်ပေးဖို့ လျှောက်ထားရာမှာ သြဂုတ် ၁၅ ရက်က အခုလို အမိန့်ချမှတ်ခဲ့တာပါ။
ကလေးသူငယ်အဖြစ်သတ်မှတ်ခံရသူကို ဥပဒေအရ ထောင်ချုပ်တွေ၊ ရဲချုပ်တွေမှာ ထားခွင့်မရှိတာကြောင့် သူ့ကို စစ်တွေမြို့နယ် ရဲတပ်ဖွဲ့ကတဆင့် မြောက်ဦးမြို့နယ်ကလေးသူငယ်တရားရုံးကို ပို့ဆောင်ရမှာဖြစ်ပေမယ့် ဘယ်နေ့မှာ ပို့မယ်ဆိုတာကိုတော့ မသိရ သေးပါဘူး။
ဒါ့အပြင် သူဟာ ကလေးသူငယ်အဖြစ် သတ်မှတ်ခံထားရတာကြောင့် အာမခံနဲ့ လွတ်မြောက်လာနိုင်တယ်လို့လည်း ရှေ့နေတွေက ပြောပါတယ်။ ဒီအပေါ်မှာတော့ မိသားစုတွေက လွတ်မြောက်လာဖို့ မျှော်လင့်နေကြပြီး ဆက်လက်ပညာသင်ကြားခွင့် ရလိုတဲ့ ဆန္ဒတွေလည်း ရှိနေကြပါတယ်။
မြောက်ဦးမြို့ရဲတပ်ရင်းကို ဧပြီလ ၃၁ ရက်နေ့မှာ အေအေတပ်ဖွဲ့က ဝင်ရောက်တိုက်ခဲ့ပါတယ်။ အဲဒီနောက် ဧပြီ ၁၀ ရက် နေ့လည် ပိုင်းမှာ လက္ကာကျေးရွာအနီးက ရန်ကုန်-စစ်တွေအဝေးပြေးကားလမ်းမပေါ်မှာ အရပ်ဝတ် အေအေအဖွဲ့ဝင်တွေနဲ့ တပ်မတော်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ အဲဒီကျေးရွာက မောင်စိုးမိုးကျော်အပါအဝင် သံသယရှိသူ ၂၇ ဦးကို တပ်မတော်က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
အဲဒီလိုဖမ်းဆီးပြီး စစ်ကြောရေးလုပ်နေစဉ်မှာပဲ ၃ ဦးသေဆုံးသွားခဲ့ပြီး ကျန်တဲ့ ၂၄ ဦးကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မနဲ့ တရား စွဲဆိုထားတာကြောင့် စစ်တွေခရိုင်တရားရုံးမှာ အမှုရင်ဆိုင်နေကြရတာဖြစ်ပါတယ်။
မိသားစုဝင်တွေကတော့ ဖမ်းဆီးခံထားရသူတွေဟာ အေအေနဲ့ ဆက်စပ်မှု မရှိဘူးလို့ မီဒီယာတွေကို ပြောဆိုထားကြပါတယ်။

Zawgyi version

အေအေနှင့် ဆက်နွှယ်မှုဖြင့်ဖမ်းဆီးခံရသူများတွင် ၁၀တန်းကျောင်းသား ၁ဦးပါဝင်
ဝဏ္ဏခွာညို

All rights and copyright belongs to author:
Themes
ICO