Myanmar

ဂရိနိုင်ငံတွင် ပြင်းအား ၅ ဒသမ ၁ အဆင့်ရှိ ငလျင်လှုပ်ခတ်

ဂရိနိုင်ငံမြို့တော် အေသင်မှာ ဇူလိုင် ၁၉ ရက်က ပြင်းအား ၅ ဒသမ ၁ မဂ္ဂနီကျူ့အဆင့်ရှိ  ငလျင်လှုပ်ခဲ့ပြီး လူတွေဟာ အဆောက်အဦတွေထဲကနေ ကြောက်လန့်တကြား ထွက်ပြေးခဲ့ ပါတယ်။

မြေငလျင်ဗဟိုချက်ဟာ မြို့အနောက်မြောက် ၂၂ ကီလိုမီတာ အကွာမှဖြစ်ပြီး မြေအောက်အနက် ၁၅ ကီလိုမီတာကနေ လှုပ်ခဲ့တယ်လို့ ဥရောပမြေငလျင် စောင့်ကြည့်ရေး  စင်တာက ဆိုပါတယ်။

မြေငလျင်ကြောင့် ပလေးရပ်စ် ဆိပ်ကမ်းမြို့က ဆယ်စုနှစ်ချီ ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ အဆောက်အဦဟောင်း အစိတ်အပိုင်း တချို့ပြိုကျခဲ့ပြီး အေသင်မြို့လယ်ကောင်က လူမနေ အဆောက်အဦ တခုလည်း ဆိုးဆိုးရွားရွားပျက်စီးခဲ့ပါတယ်။

ဒါ့အပြင် အေသင်မြို့နေရာ အတော်များများက ဓာတ်အားလိုင်းတွေနဲ့ ဆက်သွယ်ရေး လိုင်းတွေ ခဏ ပြတ်တောက်သွား ခဲ့ပါတယ်။

အေသင်မြို့ အပေါ်စီး တောင်ထိပ်မှာ ရှိတဲ့ အက်ခရိုပိုလစ် ရှေးဟောင်းခံတပ်မြို့ကတော့ ဘာမှ မဖြစ်ခဲ့ဘူးလို့ အာဏာပိုင်တွေက ပြောပါတယ်။

အက်ခရိုပိုလစ်ဟာ ကမ္ဘာလှည့်ခရီးသွားတွေ အလည်ပတ်ဆုံး သမိုင်းဝင် အထိမ်းအမှတ် နေရာတွေထဲက တခုဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Football news:

Rivaldo on Messi in Juve: The world will boom. The Duo of Lionel and Ronaldo will go down in history
Atletico Interrupts the penalty for the second match in a row. Morata converted an 11-yard shot from the 2nd attempt
Sandro Rosel: Messi will not be a pawn in Barca's presidential election. He's too smart
De Rossi or Spalletti can lead Fiorentina
Chelsea have resumed talks with Willian about a new contract
Pogba wants to stay at Manchester United
Doping officers visited the Barca base and checked Griezmann, Busquets and Fati (MD)